Plants Vs. Zombies 2012 Full Version


15 Jan 13, 05:16 AM
lamin: အစ်ကို... Plant vs zombies full gameလေးတင်ပေးစေချင်ပါတယ်.... pc မှာကစားချင်လို့ ကူညီပါအုံးနော်.....
အခုနောက်ပိုင်းတော့ တောင်းထားတဲ့ဆော့ဝဲလ်တွေကို အရင်တုန်းကလို သက်သက်မဲ့ လိုက်မရှာဖြစ်တော့ပါ..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်ရှာရင်းနဲ့ ပိုစ့်တင်ပေးဖို့တောင် အချိန်မရတော့တဲ့ နေ့တွေများလာလို့ အခုလို လမ်းကြုံရလာတော့မှပဲ တင်ပေးပါတော့မယ်..။ တောင်းထားကြတဲ့ ဆော့ဝဲလ်တွေကို အလွယ်လေး ရလာရင်တော့ တင်ပေးဖြစ်မှာပါ..။ တခါတလေမှာ ဆော့ဝဲလ်ရှာရင်းနဲ့ အချိန်သာ ကုန်သွားတယ်..။ တခုမှဖူးသုံးလို့မရတဲ့အခါ အချိန်တွေကို နှမျောနေမိလို့.. ဒီနေ့ပိုစ့်လို လမ်းကြုံရလာတဲ့ အခါကျမှပဲ တင်ပေးဖြစ်တော့မှာပါ..။ ဒါကြောင့် တခြားတောင်းထားတဲ့ ဆော့ဝဲလ်တွေကိုလည်း အမြန်မတင်ပေးဖြစ်တော့တာပါ..။ ဒီဂိမ်းလေးကို ရထားတာ ၄၊၅ရက်လောက်တော့ ရှိနေပါပြီ..။ Connection က ဖိုင်တွေဒေါင်းရင် မြန်ပေမယ့် ပြန်ပြီး Upload တင်တဲ့အခါမှာတော့ တော်တော်လေး နှေးနေလို့ 60 MB လောက်ကို အကြိမ်ကြိမ်တင်ပေမယ့် အဆင်မပြေပါ..။ ဒါကြောင့် ဒီရက်ထဲမှာ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး သူ့ဆီကနေ ဒီလိုဖိုင်ဆိုဒ်များတာတွေကို တင်ပေးလိုက်တာပါ..။ ဒီနေ့တော့ ဒီဂိမ်းဖိုင်လေးကို လင့်သုံးခုမှာ တင်ပေးပြီးသွားလို့ သူငယ်ချင်းက အကြောင်းကြားလာတဲ့အတွက် ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ ဒီဂိမ်းလေးက ၂ချက်တောက်ပြီး Install ထည့်ပြီး တန်းကစားလို့ရတဲ့ ဖူးဖြစ်ပြီးသား ဂိမ်းလေးပါ..။ အောက်မှာ ကျနော်စမ်းကစား ထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီဂိမ်းလေးကို ကစားချင်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 60.1 MB ရှိပါတယ်..။ ဒီဂိမ်းဖိုင်လေးကို ကျနော် ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။


Tny Paste ဆိုဒ်မှာ ဒေါင်းလော့လင့်တွေ ဝင်ယူလို့ မရတော့တဲ့ အတွက် ဒီလင့်တွေကို အောက်ကအတိုင်း ပြန်ပြင်ပေးထားပါတယ်..။ Adfly စာမျက်နှာကို ကျော်လိုက်ရင် ဒီဖိုင်ကို ဒေါင်းယူလို့ ရသွားပါပြီ..။

Plants Vs. Zombies 2012 Full Version

Download Link 1st
(or)

Download Link 2nd

အောက်ကပုံလေးတွေကတော့ ဘာမှတော့ ထွေထွေထူးထူး မပါပါ..။ ဒီဂိမ်းလေးကို ကျနော်စမ်း ကစားထားတာတဲ့ ပုံလေးတွေပါပဲ..။ Install ထည့်ပြီး ကစားလို့ ရသွားပါပြီ..။










No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...