CCleaner Professional And Business Edition v3.27.1900 Final



CCleaner Professional And Business Edition v3.27.1900 နောက်ဆုံးထွက် Final ဗါးရှင်းလေးပါ..။ ဒီဗါးရှင်းလေးကို ၂မျိုးသုံးလို့ ရအောင် ဒေါင်းလော့ဖိုင်လေးထဲမှာ crack ဖိုင်လေး၂ခုကို ခွဲထည့်ပေးထားပါတယ်..။ မိမိတို့ အသုံးပြုလိုတဲ့ Professional (OR) Business Edition တခုခုကို ဒီ crack ဖိုင်လေးနဲ့ ရွေးထည့်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်..။ အရင်ပိုစ့်ဖြစ်တဲ့  Ccleaner Pro/Business Edition 3.25.1872 ပိုစ့်မှာ Business Edition အတွက် crack ဖိုင်လေးနဲ့ ဖူးသုံးလို့ ရအောင်လုပ်ပြပေးခဲ့ပါတယ်..။ အခုဒီဗါးရှင်းမှာတော့ Professional Edition အတွက် crack ဖိုင်နဲ့ Key လေးထည့်ပြီး ဖူးသုံးလို့ ရအောင် လုပ်ပြပေးထားပါတယ်..။ ဖူးသုံးလို့ရအောင် လုပ်နည်းကို လိုအပ်တဲ့သူများ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။ ကျနော်တို့ရဲ့ Computer နဲ့ Browser တွေမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ အမှိုက်တွေကို ဒီကောင်လေးကို အသုံးပြုပေးခြင်းဖြင့် ရှင်းပစ်လို့ ရပါတယ်..။ အသုံးမပြုခင်မှာ Recovery အတွက် Restore Point တခုကို အရင်ဖန်တီးထားပါ..။ Restore Point ဖန်တီးနည်းကို မနေ့ကတင်ပေးခဲ့တဲ့ ပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီကောင်လေးကို အသုံးပြုပြီးတိုင်း မိမိတို့ရဲ့ စက်ကို Restart ချပေးပြီးမှ ဆက်သုံးပါ..။ ဒီကောင်လေးရဲ့ အသုံးပြုပုံ အပြည့်အစုံကို အရင်တုန်းက ပိုစ့်တခုဖြစ်တဲ့ ပိုစ့်အဟောင်းတခုမှာ ပြည့်ပြည့်စုံစုံ ရှင်းပြပေးထားပါတယ်..။ အသုံးမပြုတတ်သေးတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်ပေးပါ..။ အခုဒီဗါးရှင်းကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 4 MB ရှိပါတယ်..။ ဒီဖိုင်လေးကို ဖရီးဆော့ဝဲလ်နာမည်တခုနဲ့ ပြောင်းတင်ပေးထားပါတယ်..။ 
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့ လိပ်စာ http://lwinminbo.blogspot.com/ ပါ..။

ဒီကောင်လေးကို Install ထည့်တဲ့ အချိန်ကနေစပြီး ဖူးဖြစ်တဲ့အချိန်ထိ အင်တာနက် Connection ကို ပိတ်ပေးထားပါ..။ ဒါမှသာ ဖူးဖြစ်အောင် လုပ်လို့ ရမှာပါ..။ Install ထည့်တဲ့အခါမှာ အောက်ကပုံလေးတွေ အတိုင်း အမှန်ခြစ်တခုဖြုတ်ပြီး လုပ်ပါ..။ Update မတက်အောင်လို့ပါ..။



အမှန်ခြစ်တွေ ဖြုတ်ပြီးမှ Finish ပေးပါ..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း Desktop က ဒီကောင်လေးရဲ့ Icon လေးပေါ်မှာ မောက်စ်မျှားတင်ပြီး Right Click >> Properties ကနေပြီးသွားလိုက်ပါ..။


အောက်ကပုံအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားပေးပါ..။ 2 နေရာကတော့ ဒေါင်းလော့ဖိုင်ထဲမှာ ပါလာတဲ့ crack ဖိုင်လေးကို Right Click >> copy ယူပြီး 3 နေရာက ဒီကောင်လေးရဲ့ Install ဖိုင်လေးထဲမှာ Right Click >> paste နဲ့ ထည့်ပေးပြီး ပုံမှာ ပြထားတဲ့အတိုင်း Apply >> OK ပေးလိုက်ပါ..။


ပြီးရင်တော့ Desktop ပေါ်က ဒီကောင်လေးရဲ့ Icon လေးကို ၂ချက်တောက်ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း ကီးတောင်းတဲ့ ဘောက်စ်လေးပေါ်လာပါလိမ့်မယ်..။ Notepad ထဲက သူ့ရဲ့ ကီးတွေကို copy-paste နဲ့ ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။




အောက်ဆုံးပုံအတိုင်း Run Cleaner နဲ့ စပြီး အသုံးပြုလို့ ရသွားပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...