AOMEI Partition Assistant Home Edition 5.1.1 - Dynamic Disks ဖေါ်မတ်ဖြစ်နေတဲ့ ဟတ်ဒစ်အား Data တွေနဲ့ Recovery Partition ကို မပျက်စီးစေပဲ Partition အပိုင်းတွေခွဲနည်း


31 Dec 12, 02:55 AM
aphi: ကျွန်တော်စက်မှာ window 7 ကော 8 ကောတင်မလို လုပ်တာ ပထမ အဆင့်တွေက ok တယ် hardisk ကို formet ချတောမှ ချမရဘူးဖြစ်နေတယ် ဘယ်လို ဆက်လုပ်ရမလဲ ကူညီပါအုံး အကို
31 Dec 12, 04:16 AM
aphi: dynamic disk နဲ့  basic disk ဘယ်ဟာ ပိုကောင်းလဲ အကို
(Dynamic Disks အကြောင်းကို နောက်တစ်ယောက်မေးထားတာရှိပါတယ်..။ Cbox မှာပြန်ရှာမတွေ့တော့လို့ ချန်ခဲ့ပါတယ်..)
ဒီကောင်လေးကိုရဖို့ တစ်ပါတ်နီးပါး အချိန်တွေပေးခဲ့ ရပါတယ်..။ ကျနော်စမ်းသပ်တဲ့ ဆော့ဝဲလ်တွေ အများကြီးပါ..။ တခုမှ Dynamic Disks ဖြစ်နေတဲ့ ဟတ်ဒစ်ကို Partition အပိုင်းတွေ ခွဲထုတ်မပေးနိုင်ခဲ့ပါဘူး..။ နောက်ဆုံးတော့ ဒီ AOMEI Partition Assistant Home Edition နဲ့ အဆင်ပြေသွားပါတယ်..။ လုပ်ရတာလည်း အရမ်းလွယ်ပြီး.. သူ Support လုပ်ပေးနိုင်တဲ့ ဝင်းဒိုးဗါးရှင်းတွေကတော့ Platforms: Windows 7/Vista/XP/2000 Professional, Windows 8 (Both 32 and 64 bit) ဗါးရှင်းတွေမှာ အသုံးပြုလို့ ရပါတယ်..။ ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ တန်းသုံးလို့ ရသွားပါပြီ..။ ဆော့ဝဲလ်လေး သေးသလောက် အတော်လေး အသုံးတည့်ပါတယ်..။ သူလုပ်ပေးနိုင်တာတွေ အများကြီးထဲက ဒီပိုစ့်အတွက် Dynamic Disks ဖြစ်နေတဲ့ ဟတ်ဒစ်ကို Partition အပိုင်းတွေ ခွဲထုတ်ပြသွားမှာပါ..။ Dynamic Disks ကိုအပိုင်းခွဲနည်း ၃နည်းနဲ့ လုပ်ပြထားတဲ့ အတွက် ပုံတွေတော့ နည်းနည်းများပါလိမ့်မယ်..။ တစ်နည်းကို လုပ်တတ်သွားရင် ကျန်တဲ့နည်းတွေကိုပါ လုပ်တတ်သွားပါလိမ့်မယ်..။ ဒီဆော့ဝဲလ်ကို စမ်းဖို့ ကျန်ခဲ့တဲ့ တပါတ်က Windows 8 တင်ပေးလိုက်တဲ့ ကျနော့်သူငယ်ချင်းစက်မှာ ဒီလို Dynamic Disks ဖြစ်နေတဲ့အတွက် အဆင်သင့် အလွယ်တကူ စမ်းသပ်ဖို့ တခြားစက်ရှာစရာမလိုပဲ စမ်းသပ်လို့ အောင်မြင်ခဲ့ပါတယ်..။ ဒါကြောင့်ပုံလေးတွေ ရိုက်ယူပြီး Dynamic Disks နဲ့ အဆင်မပြေ ဖြစ်နေတဲ့သူများ အတွက် အဆင်ပြေစေမယ့် ဒီလုပ်နည်းလေးကို အောက်မှာပုံလေးတွေနဲ့ လိုအပ်တဲ့သူများ ဆက်ကြည့်ပေးပါ..။ အောက်ကလင့်ကနေ ဆော့ဝဲလ်ကို ဒေါင်းယူနိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 3.3 MB ရှိပါတယ်..။
ပါတ်စ်ဝါဒ့်က ကျနော့် Blog ရဲ့လိပ်စာ http://lwinminbo.blogspot.com/ ပါ..။


ဒီအောက်က အပေါ်ဆုံးပုံကတော့ ဝင်းဒိုးထဲမှာ လုပ်နေကျအတိုင်း ပါတေးရှင်း ခွဲထုတ်တဲ့အခါမှာ Dynamic Disks ဖေါ်မတ်ဖြစ်နေတဲ့ အတွက် အပိုင်းခွဲထုတ်လို့ မရတဲ့ အကြောင်း ပေါ်လာတဲ့စာသားတွေပါ..။ Dynamic Disks ဖေါ်မတ်အတွက် ဝင်းဒိုးထဲမှာ လုပ်နည်းတခုရှိပါသေးတယ်..။ ခွဲထုတ်ထားပြီးသား ပါတေးရှင်း အပိုင်းတွေကို Format ချ၊ Delete နဲ့ဖျက်ပစ်ပြီး ပြန်ပေါင်းလိုက်ရင် နောက်ထပ် အပိုင်းတွေ လိုသလောက် ခွဲထုတ်လို့ ရသွားပါတယ်..။ အဲ့ဒါက ဟိုးအရင်တုန်းက ကျနော် ဆော့ဝဲလ်တွေ မရှာတတ်ခင်က ဝင်းဒိုးထဲက Search နေရာမှာ စာရိုက်ရှာပြီး ဝင်းဒိုးထဲက လုပ်နည်းအတိုင်း လိုက်လုပ်တာပါ..။ အဲ့ဒီတုန်းက လုပ်လိုက်တာ Original Windows ရှိတဲ့ Recovery ပါတေးရှင်း အပိုင်းပါ ပျက်သွားပါတယ်..။ အဲ့တုန်းက Hidden partition ရဲ့ တန်ဖိုးကို မသိသေးတော့ အခုမှ နှမျှောနေမိတယ်..။ ပြန်ရှာလို့ မရတော့ဘူး..။  အခု ဒီဆော့ဝဲလ်လေးနဲ့ မိမိတို့ရဲ့ ရှိပြီးသား ပါတေးရှင်းတွေကို ဖျက်စရာမလိုပဲ ဟတ်ဒစ်ကို အပိုင်းတွေ လိုသလောက် ပိုင်းလို့ ရသွားပါပြီ..။ အောက်မှာ လုပ်နည်းကို ဆက်ကြည့်လိုက်ပါဗျာ..။


အပေါ်မှာ ပုံ၂ခုကို ဆက်ပြထားတာဖြစ်ပြီး အောက်ကပုံ ၂ပုံကတော့ ဝင်းဒိုးထဲက ဟတ်ဒစ်ကို အပိုင်းခွဲထုတ်လို့ ရတဲ့ နေရာကို ဝင်တတ်အောင်နဲ့ Dynamic Disks တွေကို အပိုင်းခွဲတဲ့အခါ ပေါ်လာတဲ့ စာသားတွေကို ဖေါ်ပြထားတာပါ..



ဆော့ဝဲလ်မသုံးပဲ ရိုးရိုး ပါတေးရှင်းခွဲနည်းကို အရင်တုန်းက ပိုစ့်တွေ တင်ထားပါတယ်..။ လိုအပ်တဲ့သူများ ကျနော့် Blog မှာ ပြန်ရှာကြည့်နိုင်ပါတယ်..။ အပေါ်က ပုံမှာတော့ ရိုးရိုးနည်းနဲ့ပဲ အပိုင်းခွဲထုတ် ထားတာဖြစ်ပြီး အမဲရောင်ပေါ်နေတဲ့ အချိန်မှာ ရပ်နေပါတယ်..။ အပြာရောင်နဲ့ အစိမ်းရောင် ပြောင်းသွားတဲ့အခါမှ ဒီအပိုင်းကို အသုံးပြုလို့ ရမှာပါ..။ နောက်ပြီး အပေါ်ပုံမှာ ပြထားတဲ့ Dynamic Disks ဖြစ်နေလို့ မရတာပါ ဆိုတဲ့ ဘောက်စ်ပါ ပေါ်လာပါတယ်..။ ဒါကြောင့် ဒီတိုင်း အပိုင်းခွဲထုတ်လို့ မရတဲ့ အတွက် ဒီပိုစ့်မှာ တင်ပေးလိုက်တဲ့ ဆော့ဝဲလ်ကို Install ထည့်ပြီး အောက်ကပုံအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။
အပေါ်ပုံမှာ အမဲရောင်ဖြစ်နေတဲ့ အပိုင်းက အောက်က ဆော့ဝဲလ်ထဲမှာဆိုရင် Unallocated စာသားနဲ့ ပြနေပါလိမ့်မယ်.။ အဲ့ဒီအပိုင်းပေါ်မှာ တချက်ကလစ်ပြီး အောက်ကပုံအတိုင်း Right Click >> Create Partition ကို ဆက်ကလစ်ပေးလိုက်ပါ..။


အောက်ကပုံအတိုင်း ပေါ်လာရင် OK ပေးလိုက်ပါ..။



အပေါ်၊အောက် ပုံတွေအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း Restart Now ကို ကလစ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။ စက်ပိတ်ကျပြီး ပြန်တက်လာရင်တော့ အောက်ကပုံတွေ အတိုင်း ပေါ်လာပါလိမ့်မယ်..။ ကျနော့် ဖုန်းကင်မရာက မကောင်းတဲ့ အတွက် စာသားတွေကို သေချာမမြင်ရ၊ ရိုက်ယူလို့ မရပါ..။ ဒီကောင်လေး အလုပ်လုပ်မယ့် သဘောတရားကို သိစေချင်လို့ ဖေါ်ပြပေးလိုက်ခြင်းသာ ဖြစ်ပါတယ်..။ ပေါ်လာတဲ့ စာသားတွေမှာ ဘာမှ နှိပ်ပေးဖို့ မလိုပါဘူး..။ ထိုင်ကြည့်နေလိုက်ပါ..။ ဒီဆော့ဝဲလ် အလုပ်လုပ်လို့ ပြီးသွားရင် သူ့အလိုလို Restart ကျသွားပါလိမ့်မယ်..။ စက်ပြန်ပွင့်လာရင်တော့ ဟတ်ဒစ်မှာ အပိုင်းတပိုင်း ပေါ်ထွက်လာပါလိမ့်မယ်..။ အောက်ကပုံတွေ အတိုင်း ဆက်ကြည့်လိုက်ပါဗျာ..။






စက်ပြန်ပွင့်လာရင်တော့ အောက်ကပုံအတိုင်း အပိုင်းတခု ပိုထွက်လာပါပြီ..။ အပေါ်က နည်းက ဝင်းဒိုးထဲက လုပ်နည်းတပိုင်းနဲ့ ဒီဆော့ဝဲလ် လုပ်နည်းတပိုင်းနဲ့ ပြထားတာပါ..။ အောက်က နည်းတွေကတော့ ဒီဆော့ဝဲလ်နဲ့ပဲ အစအဆုံး ထပ်လုပ်ပြထားတာပါ..။



ဒီဆော့ဝဲလ်နဲ့ နောက်ထပ် အပိုင်းတပိုင်းကို အောက်ကပုံမှာ ပြထားတဲ့အတိုင်း C: အပိုင်းထဲကနေ ခွဲထုတ်ပြထားပါတယ်..။ အောက်ကပုံတွေ အတိုင်း ဆက်ကြည့်လိုက်ပါ..။ C: အပိုင်းပေါ်မှာ တချက်ကလစ်ပြီး ဒီတခါတော့ Right Click နဲ့ မသွားပဲနဲ့ သူ့ရဲ့ Menu မှာရှိတဲ့ Partition Button ကိုကလစ်ပြီး လုပ်ပြထားပါတယ်..။ ပုံလေတွေ ကြည့်ပြီးသာ ဆက်လုပ်သွားလိုက်ပါ..။ ဒီဒုတိယနည်းမှာ Create Partition ကိုကလစ်ပြီး လုပ်ပြထားပါတယ်..။ အောက်ဆုံးနည်းမှာတော့ Split Partition နဲ့ လုပ်ပြထားပါတယ်..။


မိမိတို့ ခွဲထုတ်လိုသလောက် အပိုင်းကို အောက်ကပုံမှာ ပြထားတဲ့ မျှားအတိုင်း ဆွဲရွှေ့ပြီး OK ပေးလိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံတွေ အတိုင်း ဆက်လုပ်သွားလိုက်ပါ..။





အပေါ်ပုံမှာ Yes ပေးလိုက်လို့ Restart ကျသွားပြီးရင်တော့ အောက်ကပုံအတိုင်း စက်ပြန်ပွင့်လာတဲ့ အခါ အပိုင်းတပိုင်း ပိုထွက်လာပြန်ပါပြီ..။


အောက်ကပုံတွေကတော့ အပိုင်း D: ထဲကနေ နောက်တပိုင်းကို Split Partition နဲ့ ခွဲထုတ်ပြထားပါတယ်..။ ပုံလေးတွေ ကြည့်ပြီး နားလည်လောက်ပါပြီ..။






Restart ချပေးပြီး စက်ပြန်ပွင့်လာရင်တော့ အောက်ကပုံအတိုင်း အပိုင်းတွေ အများကြီး ဖြစ်နေပါပြီ..။



ဒီလောက်ဆိုရင်တော့ Dynamic Disks ဖေါ်မတ်ဖြစ်နေတဲ့ ဟတ်ဒစ်တွေကို Data တွေ မပျက်စေပဲ အပိုင်းတွေ ခွဲထုတ်တတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..။

1 comment:

Related Posts Plugin for WordPress, Blogger...